မြင်းခြံမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးဟု Khit Thit မှ သတင်းအမှားရေး

ဇွန်လ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ လင်ကြီးဆိပ်ကမ်းတွင် တပ်မတော်ရဲ့အမြန်ရေယာဉ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးနိုင်ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၁၈ ရက်နေ့ မြင်းခြံမြို့နယ်၊ လင်ကြီးဆိပ်ကမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များမှ အဝေးမှ ချောင်းမြောင်းကာ ပစ်ခတ်သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်းသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးတယ်ဆိုပြီး အပုတ်ချကာ လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။

Misinformation

FACT-CHECK

https://t.me/factcheckmm