ရပ်စောက်မြို့နယ်တွင် PDF တစ်ဦးအားဖမ်းဆီးရမိ

အကြမ်းဖက် KNDF တပ်ရင်း(၃)မှ ထွက်ပြေးလာသော PDF အဖွဲ့ဝင်တစ်ဦးအား ရပ်စောက်မြို့နယ်အတွင်း လက်လုပ်ဗုံးတစ်လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါသည်။ ယခုနောက်ပိုင်း ကယားပြည်နယ်ရှိ ဖယ်ခုံ၊ မိုးဗြဲဒေသများတွင် တပ်မတော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စိတ်ဓာတ်ပျက်ပြားပြီး ပြန်လည်ထွက်ပြေးလာစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။