နွေရာသီ အပူရှောင်ရန် ဆင်ခေါင်းတောင်သို့

ဆင်ခေါင်းတောင် ⛰️ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မန္တလေးမှ- ဆိုင်ကယ်နဲ့လည်း နေ့ချင်းပြန်သွားရောက်နိုင်ပါတယ်

☘️ဆင်ခေါင်းတောင်ရဲ့အောက်ဘက်မှာမြို့ကြီးဆည်ကနေ လွှတ်ပေးနေတဲ့ ဇော်ဂျီမြစ်လေးရှိပါတယ်…ရေကစားရင်းနဲ့ အနားယူ အပန်းဖြေရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ဖို့ ဇော်ဂျီမြစ်ကို မျက်နှာမူထားတဲ့ စားသောက်ဆိုင်လေးတွေရှိပါတယ်🏖️

☘️ဇော်ဂျီမြစ်က ကားလမ်းရဲ့အောက်ဘက် ကပ်လျက်မှာရှိပြီး အပေါ်စီးကနေ ကြည့်တာတောင် ရေအောက်ကြမ်းပြင်ကို မြင်ရတဲ့ထိ ကြည်လင်ပြီး ကျောက်ခဲလေးတွေနဲ့ အရမ်းလှပါတယ်။ ရေစီးကလည်း အတော်သန်ပါတယ်.အရင်က ဆိုင်တွေဖွင့်ရင်တော့ တယောက် ၅၀၀နဲ့ စက်လှေအပျော်ပတ်စီးပြီး တောတောင် ၊ ရေမြေအလှနဲ့အတူ ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ပါတယ်⛵

☘️သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်အနေနဲ့ ဆင်ခေါင်းတောင်အရောက် မနက် ၁၀ နာရီမတိုင်ခင် နဲညနေ ၄နာရီနောက်ပိုင်း အဲ့နှစ်ချိန်ထဲက တချိန်ရွေးပြီး သွားသင့်ပါတယ်

ဒီလိုမိုးရာသီအချိန်ခါမျိုးဆို ဆင်ခေါင်းတောင်ကစိမ်းစိုပြီးလှပနေတာပဲ☘️

☘️ဆင်ခေါင်းတောင်ဘေးမှာ ဇော်ဂျီမြစ်က ကပ်လျှက်စီးဆင်နေတယ် ဇော်ဂျီမြစ်က မြစ်ကြောင်းလေးတွေ ခွဲထွက်နေတဲ့ ရေချိုးလို့ အရမ်းကောင်းတဲ့ မြစ်ငယ်ကလေး🏞

🚌မန္တလေးဘက်ကနေ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ၄၆မိုင်(၇၅ကီလိုမီတာ) – ၁နာရီ ၄၅မိနစ်ခန့် သွားရင် ဆင်ခေါင်းတောင်ကို ရောက်ပါတယ်။
လမ်းက တော်တော်လည်း ကောင်းသလို တချို့နေရာတွေမှာ အမြန်လမ်းလို အသွားတလမ်း အပြန်တလမ်းဖြစ်လို့ မောင်းရတာ အရမ်းအဆင်ပြေပါတယ်။ မန္တလေးမှ🛵 ဆိုင်ကယ်နဲ့လည်း နေ့ချင်းပြန်သွားရောက်နိုင်ပါတယ်

🥰မန္တလေးမြို့မှ မြစ်ငယ် ၊ စဥ့်ကိုင် ၊ ကျောက်ဆည်တို့ကို ဖြတ်ပြီး ကျောက်ဆည်အလွန် ဟန်မြင့်မိုရ်ရွာ ရောက်ရင် မီးပွိုင့်မှာ ရွာငံသို့ဆိုတဲ့ မြှားလေးအတိုင်း ဘယ်ဘက်ချိုးပြီး ၁၅မိနစ်လောက် ထပ်သွားပြီးရင် ဘယ်ဘက်အခြမ်းမှာ တွေ့ရပါပြီ။ တောင်ကကြီးတော့ ကား ၊ ဆိုင်ကယ်နဲ့ သွားနေရင်း အဝေးကနေ လှမ်းမြင်တွေ့နိုင်ပါတယ်

Crd to Popular Paoh Stars
📷-Khun Nay Min(ဓာတ်ပုံ)