ပိတ်ရက်မှာ သာကူပြင် လုပ်စားကြရအောင်နော်


ပါ၀င်သောပစ္စည်းများ
၁။ သာကူ – ၂ ခွက်
၂။ ရေ – ၂ ခွက်
၃။ နှစ်သက်ရာ ဖျော်ရည် (စပါကလင်၊ ခရင်ဆော်ဒါ၊ လိမ္မော်) – ၂ ခွက်
၄။ သကြား – ၂ ခွက်
၅။ ခြစ်ထားသော အုန်းသီးဖတ် – ၂ ခွက်
၆။ ဆား – အနည်းငယ်

ပြုလုပ်နည်း
ပထမဆုံး သာကူကိုရေဆေးပြီး ရေစစ်ထားပါ။ ရေ၊ ဖျော်ရည်၊ ဆားတို့ကို သာကူကြိုမည့် အိုးထဲထည့်၍ ပွက်လာသည်အထိတည်ပါ။ အရည်များပွက်လာလျှင် သာကူကိုထည့်၍ အဆက်မပျက်မွှေပါ။ ၃ မိနစ် လောက်မွှေပြီးမှ သကြားကို နောက် ဆုံးမှ ထည့်ပါ။ ( သကြားအရင်ထည့်လျှင် မတွဲပဲ နေတတ်ပါတယ်။ )
သကြားထည့်ပြီး သာကူစေ့ရဲ့ အလယ်အစံ အနည်းငယ် (ဖောင်တိန်ထိပ်လောက်) ကျန်တဲ့အချိန်တွင် မီးဖိုပေါ်မှချ၍ အအေးခံမည့် ဗန်းထဲထည့်၍ အအေးခံပါ။ အေးသွားသော သာကူများကို ကတ်ကြေးဖြင့် အတုံးလေးများဖြစ်အောင် ဖြတ်၍ အုန်းသီးဖတ်များဖြင့် လူးပြီးလျှင် သုံးဆောင်နိုင်ပါပြီ။ ( အုန်းသီးဖတ်ကို စားခါနီးမှ လူး၍ စားပါ။ အုန်းသီးဖတ်များ လူးထားသော သာကူက အကြာကြီးမခံပဲ ချဉ်သွားတတ်လို့ပါ။ )