ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ကြောင့် တစ်နိုင်ငံလုံးမိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်မှာ နောက်လာမဲ့ နာရီ ၁၂၀(၅ ရက်အတွင်း) လေဖိအားနည်းရပ်ဝန်းတစ်ခုမှ အနည်းဆုံး မုန်တိုင်းငယ်အဆင့်အထိရောက်လာနိုင်ပြီး မြောက်-အရှေ့မြောက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ကမ်းခြေဘက်ကို ရွေ့လျားနိုင်ကြောင်း မော်ဒယ်တွေရဲ့ ကနဦးကြိုတင်ခန့်မှန်းချက်တွေမှာတွေ့နေရပါတယ်။

အခုဖြစ်လာနိုင်မဲ့ ထူးခြားမိုးလေဝသအခြေအနေကြောင့် –

  • ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။
  • ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ လာမဲ့ ၁၀ ရက်အတွင်းမှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း ကြိုတင်ခန့်မှန်းများ ရှိနေပါတယ်။

Photo – ဦးဝင်းနိုင်

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”