မေလ ၂၇ ရက်နေ့ မှုခင်းသတင်းများ

မေလ ၂၆ ရက်နေ့ ၂၀၃၀ နာရီတွင် ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိ(၆၁) နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်သမား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ဦးစိုးမိအား နေအိမ်ရှေ့လမ်းမပေါ် ခေါ်ထုတ်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနောက်စေ့၊ ယာနားထင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

မေလ ၂၆ ရက်နေ့ ၁၁၄၅ အချိန်တွင်လောင်းလုံးမြို့နယ်ထွေအုပ်ရုံးမှ မော်တော်ယာဉ်ဖြင့် လောင်းလုံးမြို့သို့ပြန်လာသော လောင်းလုံးမြို့နယ်၊ စမ်းလှကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်စိုး(ခ) ရဲကလေးအား လောင်းလုံးမြို့ အနောက် တောင် ဘက်တွင် အကြမ်းဖက်သမား ၅ ဦးခန့်က လမ်း၏ညာဘက်မှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် ဦးကျော်ဇင်စိုးတွင် ညာနံကြားဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့။

မေလ ၂၆ ရက်နေ့ ၁၂၄၀ နာရီခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဇေယျာသိဒ္ဓိလမ်းထောင့်၊ ရွှေသုခလက်ဖက်ရည်ဆိုင်အတွင်း၌ ဦးတင့်လွင် (၆၇) နှစ်၊ မြန်မာ့အာမခံလုပ်ငန်း(ငြိမ်း) မြောက်ဥက္ကလာမြို့နယ်နေသူသည် ထမင်းကြော်ထိုင်စားနေစဉ် စီစစ်ဆဲ ကျား ၁ ဦးမှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ သေဆုံးသွားခဲ့။

မေလ ၂၆ ရက်နေ့ ၁၇၃၀ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ နဂျပ်အထက်ကျေးရွာနေ ဦးဝင်အောင် (၄၀) နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၃၀ ဦးခန့်က ဦးဝင်းအောင်အားလာရောက်ဖမ်းဆီး၍ နဂျပ်အထက်ကျေးရွာ၏ အရှေ့ဘက်သို့ခေါ်ဆောင်သွားကြောင်းသိရှိရ။