ကျောက်ကြီးမြိုနယ်ရှိ ကျေးရွာများကို PDFအကြမ်းဖက်သမားများက တိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို ဇန်နဝါရီလ ၈ ရက် နံနက် ၅ နာရီခွဲအချိန်၌ PDF အကြမ်းဖက်သမားများက လက်နက် ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

PDFအကြမ်းဖက်သမားများပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်ကျည်များနှင့် Drop Bomb များသည် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောက်ကြီးမြိုနယ်နေသူများဖြစ်ကြသည့် ဒေါ်အုန်းကြည် (၅၀) နှစ်၊ ဦးစိုးထိုက်ဦး (၃၉) နှစ်၊ ဒေါ်ရွှေရုပ်လွှာ၊ ဒေါ်ကြူကြူမာ (၃၉) နှစ်၊ မောင်ရဲရင့်ဖြိုးပိုင် (၅) နှစ်၊ ကိုအောင်ကိုဝင်း (၃၈) နှစ်၊ မောင်ရွှေထူး (၂) နှစ်နှင့် ဒေါ်စံပါယ်ဦး (၂၅) နှစ်တိုတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။