သေတဲ့ အထိ နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်စေတဲ့ဖခင်ရဲ့ ဆုံးမစကားများ

လူလေးမှတ်ထားကွ…………

ဟောဒီ လူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ “ပေါက်ပန်း”လို လူမဖြစ်စေနဲ့။
ပေါက်ပန်းဆိုတာ………
အဆင်းသာရှိပြီး အချင်းမရှိဘူး။
သူ့မှာ အလှတရားရှိတယ်။
သူ့မှာ အမွေးရနံ့မရှိဘူး။
ဘုရားမတင်ဘူး။ လူတွေမြတ်နိုးတန်ဖိုးထားတဲ့ ပန်းမျိုးထဲမှာမပါဘူး။
ဒါကြောင့်” လူ့ပေါက်ပန်း “မဖြစ်စေနဲ့။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ “ကိုယ့်အတွက်နဲ့ တဖက်လူကိုအကြောင်းမဲ့မထိခိုက်”မိပါစေနဲ့။
ကိုယ့်ကြောင့် လူတွေ စိတ်မဆင်းရဲစေနဲ့။
စိတ်မညစ်စေနဲ့။ ဒုက္ခမရောက်စေနဲ့။
ပြဿနာမတတ်စေနဲ့။
ကိုယ့်ကြောင့် အရာရာ ပျော်ရွှင်ငြိမ်းချမ်းအောင် အမြဲပြုလုပ်ပေးပါ။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ” ဘယ်တော့မှ ကျွန်စိတ်မမွေးနဲ့ သခင်စိတ်မွေးပါ။”
ကျွန်စိတ်ဆိုတာ ခိုင်းရင်လုပ်ရတယ်။
ပေးမှစားရတယ်။ ကျွေးမှစားရတယ်။
အမြဲတမ်းဘဝမှာ အောက်တန်းနောက်တန်းကြတတ်တယ်။
ဒါကြောင့် ………
ခိုင်းရတဲ့ သခင်
ပေးနိုင်တဲ့ သခင်
ကျွေးနိုင်တဲ့သခင်စိတ်အမြဲမွေးထားပါ။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ “ခေါင်းဆောင်စိတ်” အမြဲမွေးပါ။
ခေါင်းဆောင်ဆိုတာ……
တိုင်းပြည်အုပ်ချုပ် မင်းလုပ်မှ ခေါင်းဆောင်မဟုတ်ဘူး။
အိမ်မှာလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်။
ကျောင်းမှာလည်းခေါင်းဆောင် ဖြစ်နိုင်တယ်။
ရွာမှာလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်။
မြိုမှာလည်း ခေါင်းဆောင်ဖြစ်နိုင်တယ်။
စာဖတ်ပါ ဒီနေ့စာဖတ်တဲ့သူဟာ
မနက်ဖြန် ခေါင်းဆောင်ဖြစ်နိုင်တယ်။

လူလေးမှတ်ထားကွ…………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင့်
ရချိန်လေးမှာ “လူလားမြောက်လို အိမ်ထောင်ရပ်သားပြုတော့မယ်ဆိုရင်”……
လူလေးရဲ့ ချစ်သူ ကောင်မလေးကို ဘယ်တော့မှ
ခိုးမပြေးပါနဲ့ အဖေကိုပြောပါ။
အဖေကိုယ်တိုင် လိုက်တောင်းပေးပါမယ်။
ယောကျာ်းကောင်းတိုမည်သည်
မိန်းမတစ်ယောက်ကို ဘယ်တော့မှ ခိုးမပြေးဘူးကွ။
ကိုယ်မှာ ယောက်ျားတစ်ယောက်ရဲ့ အရည်ချင်း
ပြည့်အောင် အမြဲလုပ်ထားပါ။
ယောကျာ်းကောင်းတိုမည်သည် ဘယ်တော့မှ
အိမ်ထောင်ရေး မဖောက်ပြားဘူး၊ ဇနီးမယားအပေါ်
သစ္စာရှိစွာ ပေါင်းသင်းဆက်ဆံပြီး သက်ဆုံးတိုင်
လုပ်ကျွေးပြုစုကြတယ်။

လူလေးမှတ်ထားကွ………

ညရေးညတာတွေမှာ
သားပျို သမီးပျိုရှိတဲ့ အိမ်တွေ၊မယားရှိပြီး လင်သားမရှိတဲ့အိမ်တွေမှာအချိန်အခါမဟုတ်ပဲ အကြောင်းမရှိပဲ အိမ်လည်မသွားပါနဲ့။
တချိန်မှာ ပြဿနာတတ်နိုင်တယ်။
ဒုက္ခရောက်နိုင်တယ်။

လူလေးမှတ်ထားကွ…………

ပစ္စည်တစ်ခု အိမ်မှာတွေ့ရင် သိမ်းဖို အကျင့်တစ်ခုလုပ်ထားပါ။
ဥပမာ-

  • သံမှိ တစ်ချောင်း။
  • နတ်တစ်လုံး။
  • အပ်တစ်ချောင်း။
    ကအစ သိမ်းထားပါ။
    တချိန်မှာ အသုံးဝင်လာလိမ့်မယ်။

လူလေးမှတ်ထားကွ………

ဟောဒီလူ့ လောကကြီးထဲမှာ နေထိုင်ခွင်
့်ရချိန်လေးမှာ………

  • ဘာသာတရားကို အလေးထားပါ။
  • မိဘရဲ့ ကျေးဇူးတရားတွေကို နားလည်ပါ။
  • လူတွေအပေါ်မှာ အကောင်းမြင်ပါ။
  • လူတွေအပေါ် မလိမ်ပါနဲ့ မလည့်စားနဲ့။
  • အကြောင်းရာတစ်ခုအပေါ်မှာ ကျေးဇူးတင်စကား
    ပြောဖိုမမေ့ပါနဲ။
  • စာပေ များများ ဖတ်ပါ မှတ်ပါ လိုက်စားပါ။
    နောက်ဆုံးပြောသည့် စကားမှာ-

လူလေးတဲ့_လူဖြစ်ရတဲ့ရည်ရွယ်ချက်ဟာ-

၁) မိမိဘဝကိုယ် မိမိမြှင့်တင်ရမယ်။

၂) မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကို မြှင့်တင်ရမယ်။

၃)လောကနဲ့ အများကောင်းကျိုးကို သယ်ပိုးနိုင်ခြင်းဟာ-
လူဖြစ်ရတဲ့ရည်ရွယ်ချက်ပဲသား။

ဒါဟာ လူသားတိုင်း သိရမဲ့အရာ၊
လူသားတိုင်းကျင့်ကြံရမဲ့ အရာဆိုတာ လူလေးမမေ့ပါနဲ့………။

#₡ƦEÐł₸₸Ø₡ØP¥_✍️