ရာသီတုပ်ကွေးဖြစ်ရင်စိုးရိမ်ရမည့်သူများရှိနေ

‘ရာသီတုပ်ကွေးဖြစ်ရင် ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေအနေနဲ့စိုးရိမ်ရတယ်။ စိုးရိမ်ရတဲ့အုပ်စုဝင်တွေအနေနဲ့ တုပ်ကွေးရောဂါကာကွယ်ဆေးထိုးထားသင့်ပါတယ်။

ရောဂါလက္ခဏာများ
*******************
• ဖျားခြင်း
• နှာရည်ယိုခြင်း
• နှာချေခြင်း
• ချောင်းဆိုးခြင်း
• လည်ချောင်းနာခြင်း
• ကိုယ်၊ လက် ကိုက်ခဲခြင်း
• ခေါင်းကိုက်ခြင်း
• အစားအသောက်ပျက်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ရောဂါပြင်းထန်လျှင် အဖျားကြီးခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ အဆိုပါရောဂါသည် သာမန်အားဖြင့် မပြင်းထန်သော်လည်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများတွင် ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်ပြီး တုပ်ကွေးရောဂါ၏ ဘေးထွက်ဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားပါက ရောဂါလက္ခဏာပြင်းထန်စွာ ခံစားနေရသူများ၊ အသက်ကြီးသူများ၊ နာတာရှည်ရောဂါသည်များအား နီးစပ်ရာဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျ ဆေးကုသမှုခံယူကြရန်နှင့် အခြားသူများသို့ ရောဂါကူးစက်မှုမရှိစေရေးအတွက် ဂရုပြုနေထိုင်ကြရန် လိုအပ်ပါသည်။