စာသင်ကျောင်းအတွင်း PDF ထောင်ထားတဲ့ မိုင်း ရှင်းလင်းနိုင်

ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာရှိ စာသင်ကျောင်းအတွင်း PDF များမှ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျောင်း အဝင်/အထွက်တံခါးအား ရိုက်ဖွင့်ခဲ့ပြီး ကျောင်းဆောင်ရှေ့တွင် သံစလစ်အိုးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးထောင်ခဲ့ကြောင်း သိရှိရ ပါသည်။အများပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ စာသင်ကျောင်းအတွင်း သွားရောက်စစ်ဆေးခဲ့ပြီး မိုင်းအား ကျောင်းသား/ကျောင်းသူ များထိခိုက်မှုမရှိစေရေး စနစ်တကျ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါသည်။