AA ကစေခိုင်းလို့ စိတ်ကြွဆေးပြားများသယ်ဆောင်လာသူအားဖမ်းမိ

မောင်တောမြို့၊ မြိုသူကြီးရပ်ကွက်၌ လုံခြုံရေးအဖွဲဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်ဆွဲအိတ် ၂ လုံးဆွဲ၍ လမ်းလျှောက်လာသည့် အမျိုးသား ၂ ကို တွေ့ရှိသဖြင့် စစ်ဆေးရန်ပြုလုပ်စဉ် နောက်ပြန်လှည့်ပြေးကာ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လုံခြုံရေးအဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံတစ်ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄,၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။

ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်အရ အဆိုပါ စိတ်ကြွဆေးပြားများကို AA စစ်ဒေသမှူး၏ စေခိုင်းချက်အရ တောင်ပြိုယာအနီးရှိ AA စခန်းမှတဆင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို သွားရောက်ပို့ဆောင်ရန် ထွက်လာခြင်းဖြစ်ပြီး ထွက်ပြေးလွှတ်မြောက်သွားသူမှာ ULA/AA အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရပါတယ်။ #Crd