ရွာငံမြို့တွင် ဖမ်းဆီးရမိသောPDFအကြမ်းဖက်သမားများနှင့်လက်နက်ခဲယမ်းများ

ywarngan

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့အဝင်၌
သတင်းအရ စောင့်ဆိုင်းစဉ် ဒေသ PDF အဖွဲ့ဝင်
ဖြူဖြူသင်း ၃၃ နှစ်၊ မသီတာထွေး ၄၀ နှစ်နှင့်ဇော်မြင့် ၄၂ နှစ်တို့ကို
ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၉ ရက်တွင် ဖမ်းဆီးရမိတရားခံ ဇော်မြင့် ကို
စစ်ဆေးဖော်ထုတ်ချက်အရ ရွာငံမြို့နယ်ထဲက ရေချမ်းကျေးရွာရှိ
၎င်း၏ နေအိမ်သို့ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ-
MK-12 သေနတ် ၂ လက်
MF-12 သေနတ် ၁ လက်
ကျည်မျိုးစုံ ၂၃၇ တောင့်
ကျည်အိမ် ၆ ခု
ဒေသန္တရလုပ်မိုင်း ၂ လုံး
ရီမုမိုင်း ၂ လုံး
မှန်ပြောင်း ၁ လက်
Keypad ဖုန်း ၇ လုံး
မိုင်းဖြူးစ် ၇ချောင်း
ယမ်းမှုန်း ၂ ထုပ် သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်၊