သမိုင်းဆိုးတွင်မယ့် KNU/PDF

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတားအား ပြုပြင်နေသည့် တံတားအထူးအဖွဲ့အား အကြမ်းဖက် KNU/PDF(စိစစ်ဆဲ)အဖွဲ့မှ Drone ဖြင့် Drop Bomb (၅)လုံး အားပစ်ချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အကြမ်းဖက်သမားများမှ Drop Bomb ချ တိုက်ခိုက်ပြီး ၁၀ နာရီ ၂၅ မိနစ် အချိန်တွင် တံတားပြုပြင်ရေး အထူးအဖွဲ့ အလုပ်သမားများအား လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများ၏ Drop Bomb ချ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသွားကားများ ရပ်တန့်ပိတ်ဆို့သွားခဲ့ပြီး တံတားပြုပြင်ရေးအဖွဲ့ ထိခိုက်မှုမရှိကြောင်း၊ သထုံမြို့နယ်ဘက်မှ ဘီးလင်း မြို့နယ်ဘက်သို့ပြန်လာသည့် ဘေးတွဲသုံးဘီးဆိုင်ကယ် ယာဉ်မောင်း နေထွန်းအောင်၊ ၂၃ နှစ်၊ (ဘ) ဦးမောင်စိန်ဝင်း ၊ ပန်းရံလုပ်တွင် ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ဝဲနံဘေးရှပ်ထိပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ၎င်း၏အမေဖြစ်သူ ဒေါ်ပန်းဝါ၊ ၅၃နှစ်၊ (ဘ)ဦးအောင်ခင်၊ တဘက်ဆွဲကျေးရွာနေသူတွင် ဝဲနှာခေါင်းဘေး ရှပ်ထိပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ကြောင်း သိရှိရပါတယ်။