ဧပြီလ ၂၃ ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

  • ရှမ်းမြောက် နောင်ချိုမြို့နယ် ခလရ(၁၄၇)မှ ရင်းမှူး ဒုမှူးကြီးမြတ်မင်းထွန်းအား TNLA/PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်။
  • ဖားကန့်မြို့နယ် မရှိကထောင်ရပ်ကွက်ရှိ Happy KTV တွင် ခမရ(၁၃)မှ ဒုရင်းမှူး ဗမ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွား။
  • မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းတွေကနေ ဆွစ်ဇာလန်ကုမ္ပဏီ ထွက်ခွာမည်ဟုသိရှိရ။
  • ပေါက်မြို့နယ် ကျောက်တံခါးကျေးရွာအနီး ကျောက်မီးသွေးထုတ်လုပ်ရေး ကုမ္ပဏီမှ စက်ပစ္စည်းများအား PDF များမှ လုယက်ယူဆောင်သွားကြောင်း။
  • နေပြည်တော် ဇေယျာသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၂၉ လုံးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုရုံး ပျက်စီး။
  • မြိုင်နှင့် ပခုက္ကူကားလမ်းမကြီးအား PDF များက ဖြတ်သန်းသွားခြင်းမပြုရန် ခြိမ်းခြောက်ထားမြစ်။
  • KNU တပ်မဟာ (၆)နယ်မြေ ကျောက်တောင်စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း။
  • သင်္ကန်းခြုံရဟန်းယောင်ဆောင်ပြီး လခရအဖွဲ့ဝင်များအား ပစ်ခတ်သတ်ဖြတ်သွားသည့် PDF အကြမ်းဖက်သမားများကို အသေဖမ်းဆီးရမိခဲ့။
  • မကွေးတိုင်း ပေါက်မြို့နယ် တရော်ကိုင်းကျေးရွာအနီး PDF များနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ။
  • စစ်ကိုင်းတိုင်း ထီချိုင့်မြို့အတွင်း PDF များမှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ။
  • မကွေးတိုင်း ဂန့်ဂေါ်မြို့နယ် ကန်နယ်မြေရဲစခန်းကို PDF အကြမ်းဖက်များမှ Drone ဖြင့် ဗုံးချဖောက်ခွဲမှုပြုလုပ်ခဲ့။
  • ဧရာဝတီမြို့ အမှတ် ၅ ရပ်ကွက်ရှိ ဒုတိုင်းရဲတပ်ဖွဲ့မှူး နေအိမ်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရ။
  • စစ်ကိုင်းတိုင်း မြင်းမူမြို့ ကျန်စစ်သားရပ်ကွက်ရှိ ထွေ/အုပ်ရုံးအား အကြမ်းဖက်PDFများမှ လက်လုပ်ဗုံးဖြင့် လာရောက်ပစ်ခတ်။
  • ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို PDF အကြမ်းဖက်များမှ ပစ်ခတ်တိုက်ခိုက်။
  • ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ညောင်ကုန်းစခန်းအား KNU/PDF အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်။
  • မကွေးတိုင်း ပခုက္ကူမြို့နယ် ဒီးဒုတ်ကွင်းပြည်သူ့စစ်ရွာအား အကြမ်းဖက် PDF များမှ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်။
  • ကန့်ဘလူမြို့နယ် ပဇီကြီးရွာအနီး လေးတွင်းစင်ရွာတွင် PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွား။
  • တနင်္သာရီတိုင်း ပုလောမြို့နယ် ပုလောကုန်းကျေးရွာရှိ လခရအဖွဲ့အား အကြမ်းဖက်များမှ လာရောက်ပစ်ခတ်တိုက်ခိုက်။
  • စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ခရမ်းခြံကျေးရွာ၌ စစ်ကျန် 40 mm ဗုံးသီးဟောင်းကို ဓါးဖြင့်ထုရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ဦးသေ ၁ဦးဒဏ်ရာရရှိ။
  • တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာ ရာအိမ်မှူး PDF များမှ ဖမ်းဆီးခေါ်ဆောင်ကာ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွား။
  • နိုင်ငံတကာသတင်းများ
  • အီတလီနိုင်ငံတွင် ယူကရိန်းသို လက်နက်များ ထောက်ပံ့မှုကို ကန့်ကွက်ကြောင်း ဒေသတွင်း ဆန္ဒပြမှုများဖြစ်ပွား။
  • စက်မှုထိပ်သီးနိုင်ငံများ G7 ဆိုသည်မှာ အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှု လက်နက်တစ်ခုသာဖြစ်ဟု မြောက်ကိုရီးယားပြော။
  • ဂျာမနီနိုင်ငံမှ ရုရှားသံတမန် ဝန်ထမ်းများကို နှင်ထုတ်ခဲ့သည့်အတွက် ရုရှားနိုင်ငံရှိ ဂျာမန်သံတမန် ၂၀ ကျော်ကို ရုရှားက ပြန်လည် နှင်ထုတ်။