သတိပြုဆင်ချင်ဖွယ်အချိုမှုန့်အန္တရာယ်

အချိုမှုန့်က နည်းနည်းစားစား များများစားစား အန္တရာယ်အလွန်များတဲ့ ဓာတုပစ္စည်း အများအပြား ပါဝင်လို့ အထူးသတိပြု ရှောင်ကျဥ်သင့်ပါတယ်၊

🔴 အချိုမှုန့်စား ရင် ဖြစ်နိုင်တဲ့ရောဂါတွေက
ဆီးချို၊ သွေးတိုး၊ အာရုံကြောအားနည်း တာ မှတ်ညဏ်ချို့ယွင်းတာ၊ ကိုယ်ဝန်ဆောင်ချိန် အချိုမှုန့် စားလို့ ကလေးမှာ ထိခိုက်နိုင်တာအပြင် အမျိုးသားများ သားသမီးရနိုင်စွမ်းကျဆင်းခြင်းတွေဖြစ်နိုင်ပါတယ်။
🔴 အရိုးအဆစ်ကိုက်တာ၊ခေါင်းမူးခေါင်းကိုက်တာတွေလည်းဖြစ်စေနိုင်ပါတယ်၊
🔴 အချိုမှုန့် စားနေကျလူတွေက အချိုမှုန့် စွဲလမ်းပြီး ဘာစားစား အချိုမှုန့် ထည့်စားတာမျိုးတွေ ဖြစ်လာတတ်တာပါ။
♥အမျိုးတို့ ကျန်းမာ ပျော်ရွှင်တဲ့ဘဝ ပိုင်ဆိုင်နိုင်ဖို့ အချိုမှုန့် စားသုံးခြင်းကို လျှော့ချရပါမယ်၊

⏹ဖြစ်နိုင်ရင် လုံးဝမစားပဲ သဘာဝ အချိုဓာတ်ပါတဲ့ ဟင်းရွက်နဲ့ ငါး တို့ကထုတ်လုပ်တဲ့ ဟင်းခပ်မှုန့် အနည်းငယ်၊ ဒါမှမဟုတ် ငါးပိ၊ ပုဇွန်ချောက်မှုန့်အနည်းငယ် လောက်ပဲ သုံးစွဲသင့်ပါတယ်

🛡 အစားတလုပ်ကြောင့်များပြားလှတဲ့ ရောဂါဘယ တွေ ကင်းဝေးနိုင်ဖို့ အချိုမှုန့် စားသုံးခြင်းကို ရပ်တန့်ပစ်ကြဖို့ တိုက်တွန်းပါရစေ

ရောဂါဘယကင်းကွာပြီးကျန်းမာပျော်ရွှင်ကြပါစေ။