လေယာဉ်မီးငြိမ်းသတ်ကယ်ဆယ်ရေးအဆင့်မြင့် သင်တန်းအား ရန်ကုန်လေဆိပ်တွင်သင်ကြားပို့ချခဲ့

လေယာဉ်မီးငြိမ်းသတ်ကယ်ဆယ်ရေးအဆင့်မြင့် သင်တန်းအား Airport of Thailand (AOT)က စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ရန်ကုန်လေဆိပ်တွင်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ရန်ကုန်လေဆိပ်အား စီမံခန့်ခွဲ၀န်ဆောင်မှုပေးနေသည့် Yangon Aerodrome Company Limited (YACL)မှ လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီး သည်များနှင့်မိတ်ဖက်လုပ်ငန်းများ ဘေးအန္တ ရာယ်ကင်းရှင်းလုံခြုံစေရန်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။