မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌻ရှင်သန်ခွင့်ရတဲ့ ဘဝခဏလေးမှာ🌻

လူ့ဘဝက
ရှင်သန်ခွင့် အများကြီး မရပါဘူး။
ရှင်သန်ခွင့်ရတဲ့ ဘဝခဏလေးမှာ
တိုက်ခိုက်တဲ့သူတွေနဲ့လည်းကြုံတွေ့
ရမယ်။

ကိုယ့်ကိုယ်
မလိုမုန်းတီးနေတဲ့သူတွေနဲ့လည်း
ရင်ဆိုင်ရမယ်။

တမင်သက်သက်
ဝေဖန်အပြစ်ပြောတဲ့သူတွေနဲ့လည်း
ဆုံတွေ့ရမယ်။

ဘယ်လိုပဲ
ကြုံတွေ့ ရင်ဆိုင် ဆုံတွေ့နေရပါစေ။
စိတ်ဓာတ်မကျပါနဲ့ ။
နောက်ဆုတ်ဖို့လည်း မတွေးပါနဲ့ ။
မေတ္တာတရားကို ရင်ဝယ်ပိုက်ပြီး
အပြုံးမပျက် ရှေ့ဆက်ပါ ။

လူ့ဘဝဆိုတာ
ကိုယ်တစ်ယောက်ထဲ
ရှင်သန်နေထိုင်လို့မရဘူး။
သေရင်တော့ တစ်ယောက်ထဲပဲ
သေရမှာပါ ။

ကိုယ့်တစ်ယောက်ထဲ
ရှင်သန်လို့မရတဲ့ဘဝမှာ
လူအမျိုးမျိုးနဲ့ ရင်ဆိုင် ကြုံတွေ့
ရမယ် ။

ရင်ဆိုင် ကြုံတွေရတဲ့အထဲမှာ
ကိုယ့်ကိုယ် လိုအပ်တဲ့သူတွေ ရှိ
သလို
ကိုယ့်ကိုယ်မလိုအပ်တဲ့သူတွေလည်း
ရှိနေတတ်တယ်။

ကိုယ့်ကိုယ်
ချစ်တဲ့သူတွေ ရှိနေတတ်သလို
မုန်းတီးနေတဲ့သူတွေလည်း ရှိနေပြန်တယ်။

လူ့ဘဝ ရှင်သန်ခွင့်ရတဲ့ ခဏလေးမှာ
အောင်မြင်မှုတွေကို ပိုင်ဆိုင်ခြင်တယ်
ရည်မှန်းချက်တွေ ပြည့်ချင်တယ်
မျှော်လင့်ထားသလို ဖြစ်ချင်တယ်ဆိုရင်
မလိုသူတွေရဲ့ အပြစ်ပြော
ဝေဖန်မှုတွေကို လျစ်လျူရှုထားလိုက်ပါ ။🌼🌼

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️