KNDF များဖမ်းဆီးထားသည့်ဆရာ/ဆရာမ ၈၀ ကျော် ပြန်လည် လွတ်မြောက်လာ

KNDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားသည့် လွိုင်ကော်တက္ကသိုလ်မှ ပညာရေးမိသားစုဝင် ၈၀ ကျော် ပြန်လည်လွတ်မြောက်လာပြီးနောက် ဘေးကင်းရာသို့ နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ပြန်လည်ရောက်ရှိလာကြောင်း သိရှိရပါတယ်။

KNDF အဖွဲ့အနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ အောင်ခင်မြင့်အပါအဝင် ဆရာ/ဆရာမများကိုလည်း ဖမ်းဆီးထားခဲ့ရာမှ ယမန်နေ့က ၈၀ ဦး ပြန်လည်လွတ်မြောက်လာခဲ့တာပဲ ဖြစ်ပါတယ်။