ကျိုက်ထိုတွင် PDFအကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသမီး ၁ ဦးသေဆုံး

ယမန်နေ့ (မတ်၂၄) ရက်နေ့ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာသုသာန်အနီး ရာဘာခြံ၌နေထိုင်သည့် ဒေါ်ခင်မိုးအေး(၅၉)နှစ် အား အကြမ်းဖက်အုပ်စု PDF ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့်ခြံအတွင်းသို့ဝင်ရောက်ပြီး သေနတ်(စိစစ်ဆဲ)ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒေါ်ခင်မိုးအေး တွင် ဒဏ်ရာ (စိစစ်ဆဲ)ဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်အုပ်စု PDF များမှာ ငှက်ပျောတောကျေးရွာ ဘက်သို့ထွက်ပြေးသွားခဲ့ကြောင်း၊သေဆုံးသူ၏အလောင်းအား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်အပ်နှံခဲ့ကြောင်း သိရှိရပါတယ်။