လမ်းကြောင်းတွေမှာ ဓားပြတိုက်နေတဲ့ KNU/PDF အကြမ်းဖက်များ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ရေးမြို့နယ်၊ လမိုင်းမြို့၊ အောင်သပြေ ကျေးရွာ၊ သံဖြူဇရပ်-ရေးကားလမ်းအနီးတွင် KNU/PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်/အင်အား(စိစစ်ဆဲ)ပူးပေါင်း အဖွဲ့မှ မော်တော်ယာဉ်များအား တားဆီးစစ်ဆေးနေစဉ် သံဖြူဇရပ်မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် သူငယ် ချင်းဖြစ်သူတို့ ၂ ဦးသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် ဆည်မြောင်းအသုံးပြုမည့် စက်ကိရိယာများရွှေ့ပြောင်းရေး လမ်းအခြေအနေသွားရောက်ကြည့်ရှု့စစ်ဆေးရန် ထွက်ခွာခဲ့ရာ အဆိုပါအကြမ်းဖက်သောင်းကျန်းသူများမှ ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။

ထို့အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူး၏ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်း၊ Laptop Computer တို့အား လုယက်ယူဆောင်ခဲ့ပြီး ၎င်းတို့ နှစ်ဦးကို ရေး-သံဖြူဇရပ် လိုင်းကားဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။