YBS ကားပေါ်တွင် သံတုတ်ကိုင်လုယက်သူများဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းစျေးဘူတာရုံလမ်းတွင်
YBS 61 ကားပေါ်သို့နိုဝင်ဘာလ ၈ ရက် ညနေ ၄ နာရီကသံတုတ်များ
ကိုင်ဆောင်ကာခရီးသည်များကို ရိုက်နှက်၍ ဖုန်းလုယူခဲ့သူများကိုနိုဝင်ဘာလ ၉ ရက်မနက်ကဖမ်းဆီးရမိကြောင်းသိရသည်။
ဖမ်းမိသူများမှာ ဘတ်စ်ကားပေါ်တက်ပြီးလုယက်သူ ၇ ဦးနှင့်
လုယက်သူများစီးသည့် ကားကိုမောင်းနှင်သူတစ်ဦး စုစုပေါင်း ၈ ဦးဖြစ်ပြီး
လုယက်မှုတွင် အသုံးပြုသည့် ပရိုဘောက်စ်ကား GG/5704 ကိုပါဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်ရှင်။