ဘုန်းဘုန်းတစ်ပါး ခေါင်းဖြတ်သတ်ခံရ……

စစ်ကိုင်းတိုင်းဒေသကြီး၊ ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀)နှစ် ဝါတော်(၂၀)ဝါသည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံရန်အတွက် ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) Hijet အဖြူရောင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဘုန်းကြီးကျောင်းရှေ့လမ်းပေါ်အရောက် PDFအကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဦးခေါင်းအား ဖြတ်၍ အဆိုပါကျောင်းရှေ့ လမ်းမပေါ်တွင်ထားခဲ့ပြီး Hijet အဖြူရောင်ယာဉ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့။