ပုလောမြို့နယ်၊ပဝက်ကုန်းကျေးရွာအနီးတိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

ပုလောမြို့နယ်၊ပဝက်ကုန်းကျေးရွာအနောက်တောင်ဘက် တွင်
တပ်မတော်စစ်ကြောင်းနှင့်PDF အင်အား ၄၀ ခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ
PDF များမှ လက်လုပ်မိုင်း ၁ လုံးဖောက်ခွဲပြီး၄၀ မမ၊ လက်နက်ငယ်များနဲ့
စတင်ပစ်ခတ်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်းပြန်လည်ပစ်ခတ်ခဲ့သောကြောင့်
PDF များ အရှေ့တောင်ဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး
-PDF အဖွဲ့မှ အလောင်း(၁)လောင်း
-အမ်(၄) ၁ လက်(ကျည်အိမ်အပါ)
-အမ်(၁၆) ကျည်အိမ် ၁ ခု
-၅.၅၆ ကျည် ၁၀၆ တောင့်
-သိမ်းဆည်းရမိခဲ့ပြီး
မိမိဘက် စစ်သည်တစ်ယောက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရှိရပါတယ်။