ဧပြီလ ၂၈ ရက်နေ့မှုခင်းသတင်းများ

-ဧပြီလ ၂၇ ရက် ၀၆၀၀ နာရီတွင် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်သည် ဆိုင်ကယ် ၅ စီးဖြင့် သံဖြူဇရပ်မြို့နယ်၊ ဝဲဝန်းကျေးရွာဘက်မှ အနင်းကျေးရွာဘက်သို့ ရောက်ရှိလာခဲ့ပြီး ဦးတေဇ(၄၀)နှစ်၊ သိန်းဌေး (၂၇)နှစ်၊ မောင်ထွန်းအေး(၃၀)နှစ်တို့အား ၎င်းတို့၏ နေအိမ်အသီးသီးမှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်၍ ဝဲဝန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရ။

-ဧပြီလ ၂၇ ရက် ၁၁၀၀ နာရီတွင် ယာဉ်မောင်း ရဲထက်အောင်(၂၇)နှစ်၊ ယာဉ်နောက်လိုက် စည်သူ(၁၉)နှစ်၊ နှင့် ဟိန်းထက်သူ(၁၉)နှစ်၊ လိုက်ပါ၍ ရန်ကုန်မြို့မှ မြိတ်မြို့သို့ ခရီးသည် သံဃာတော် ၄ ပါး၊ ကျား ၁၃ ဦး၊ မ ၁ ‌ဦး၊ ပေါင်း ၁၈ ဦး တင်ဆောင် လာသည့် “ဘုန်းမြင့်ဇော်” ခရီးသည်တင် ယာဉ်အမှတ်၊ 5Q/4619 သည် ပုလောမြို့၏ မြောက်ဘက် ၇ မိုင်ခန့် အကွာ ပုလောမြို့နယ်၊ သစ်လှတောကျေးရွာအနီး ၇ မိုင်ကျေးရွာလမ်းဆုံသို့ ရောက်ရှိစဉ် ပြောက်ကျားဝတ်၊ လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်ထားသည့် PDF အကြမ်းဖက် အင်အား ၁၅ ဦးခန့်မှ ယာဉ်အား တားစီးစစ်ဆေးပြီး ဦးအေး၊ ဦးနေလင်းအောင်၊ ဖျာပုံမြို့၊ ဦးနေလင်းထွန်း၊ ကန်ကြီးထောင့်မြို့၊ ဦးအောင်မင်းသူ၊ ကန်ကြီးထောင့်မြို့၊ ဦးစိုင်းဝေလင်း၊ ကန်ကြီးထောင့်မြို့နေသူတို့ ၇ ဦး အား ဖမ်းဆီးထားခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၂၇ ရက် ၁၄၁၅ နာရီတွင် ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော(တောင်)ရပ်ကွက်၊ သရက်တော(၅)လမ်းတွင် ဦးမောင်ဦး(၆၁)နှစ်၊ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူအား အကြမ်းဖက် PDF များမှ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးခေါင်းနောက်စေ့၊ ယာနားထင်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၂၇ ရက် ၀၈၀၀ နာရီတွင် စဉ့်ကိုင်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအဝင်ရှိ တံတားပေါ်တွင် ဦးအောင်ဝင်း(၅၆)နှစ်အား အကြမ်းဖက်သမား PDF များမှ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးအောင်ဝင်းတွင် ယာရင်အုံ၊ ယာလက်ပြင်၊ နောက်ကျော၊ ဦးခေါင်းပွင့်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၂၇ ရက် ၁၃၂၀ နာရီတွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ ညောင်ခြေထောက်ဘူတာ မီးရထားလိုင်းခန်းသို့ PDF အကြမ်းဖက်အဖွဲ့မှ Drone ယာဉ်ဖြင့် Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက် ခဲ့ရာ မောင်ဖြိုးဇာနည်မောင်(၁၇)နှစ်တွင် ဝဲဒူးခေါင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဦးနေလင်းအောင်(၃၆)နှစ်တွင် ယာဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် ညောင်ခြေထောက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရ။