တတိယအကြိမ် ကူမင်း သဘောတူညီချက်

အရှေ့မြောက်က မြောက်သုံးဖွဲ့နဲ့ ရင်ဆိုင် စစ်ဆင်နေတဲ့ တပ်မတော်ဟာလဲ သူ့အလုပ်သူလုပ်နေသလို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကလဲ ဒေသ ငြိမ်းချမ်းရေးအတွက် သူ့အလုပ်သူလုပ်ပြီး ကူမင်း(တ) အကြိမ်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၉ မှ ၁၂ ထိ တရုတ်ရဲ့ ဖိတ်ခေါ်မှုနဲ့ သွားတက်ခဲ့ပါတယ်။

ကူမင်း (ပ) နဲ့ (ဒု) ကြိမ်လိုပဲ ဒီတစ်ခါဆွေးနွေးပွဲဟာလဲ တရုတ် နိုင်ငံကပဲ ကမကထပြုလုပ်ခဲ့တာဖြစ်တယ်။ တပ် က သွားဆွေးနွေးတာမဟုတ်သလို NSPNC က ဒုတိယဗိုလ်ချူပ်ကြီး မင်းနိုင် ကလဲ တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ် Mr. Deng XinJun ဖိတ်ခေါ်မှုအရ ကူမင်း မြို့ကို ချီတက်ခဲ့တာဖြစ်ပါတယ်။

(တ)အကြိမ် ဆွေးနွေးပွဲ မှာတော့ အပစ်ရပ်ဖို့ အဓိက ဆွေးနွေးကြတာဆိုတော့ နယ်မြေပိုင်းခြားသတ်မှတ်ရေးမဆွေးနွေးခဲ့ဘူးလို့သိရတယ်။ ၂ ဖက်တပ်များ ရောက်ရာနေရာမှာ ရှေ့ဆက်မတိုးပဲ အပစ်ရပ်ဖို့နဲ့စစ်ဆင်ရေးအပြန်အလှန် မလုပ်ဖို့ သဘောတူခဲ့တယ်။ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ဖို့သဘောတူတယ်။

သဘောတူညီချက်တွေကို ၁၁ ရက်နေ့ည ဒေသစံတော်ချိန် (ကူမင်း) ၂၂၀၀ မှာလက်မှတ်ထိုး စတင်အသက်ဝင်ပြီလို့သိရတယ်။

MNDAA က ဖုန်ခွန်း၊ ကျင်းရှင် နဲ့အဖွဲ့ (၅) ဦး၊ ULA/AA က ညိုထွန်းအောင် နဲ့အဖွဲ့ (၇) ဦး၊ PSLF/TNLA က တားဘုန်းကျော် နဲ့အဖွဲ့ (၇) ဦးတို့ တက်ရောက်ခဲ့တယ်လို့သိရတယ်။

အရင်ဆွေးနွေးပွဲတွေ အပြီးမှာ စတင်တိုက်ခိုက်ခြင်းပြုလုပ်တဲ့ TNLA /AA ကိုတော့ တရုတ် ကိုယ်စားလှယ် ကိုယ်တိုင် လုံးဝမယုံကြည်ကြောင်း ကို ၁၁.၁ ၂.၂၀၂၃ နေ့မှ ၁၀.၁.၂ဝ၂၄ထိ သူတို့ တိုက်ခိုက်ခဲ့တာတွေကိုပြောလဲပြော မြန်မာ. အဂ်လိပ် ရေးပီး Hard Copy နဲ့ စည်းဝေးခန်းထဲမှာ တရားဝင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဆိုတော့ ငြိမ်းချမ်းရေး Process ကတော့ ယနေ့ မနက်မှာ စ အသက်ဝင်ပြီလို့ သိရပေမဲ့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်
မိဘပြည်သူများစိုးရိမ်သလို ဟိုဟာပေးမယ် ဒီဟာပေးမယ်ဆိုတာ မပါဝင်ကြောင်း သတင်းရရှိပါတယ် ခင်ဗျာ။

#မင်းထက်ကျော်ဇော