ဟိုင်းကြီးကျွန်းပင်လယ်ပြင်၌ ၃၆.၂၅ ဘီလီယံ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဇန်နဝါရီလ ၄ ရက်တွင်တပ်မတော်(ရေ)မှ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ အလျား ၅၄ ပေ ၁၀ လက်မ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ရန်လင်း ကျော်(၄) အမည်ရှိစက်လှေအား စစ်ဆေးရှာဖွေရာ အဆိုပါစက်လှေပေါ်တွင် အောင်သိန်း(ခ)ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့် တို့ လေးဦးနှင့်အတူ တန်ဖိုးငွေ ကျပ် ၃၆.၂၅ ဘီလီယံတန်ဖိုးရှိအိုက်စ် (မက်သ်အဖက်တမင်း) ၁.၄၅ တန် ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလ ၇ ရက်တွင် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူစိုးကျော်(ခ) စိုးစိုးကျော်အား တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ကမ်းနီးတံတားတို့ ဆိပ်ကမ်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။