လူမျိုးရေးမှိုင်းဝါဒကို အသုံးချနေတဲ့ ULA/AA နဲ့ စတေးခံရခိုင်ပြည်သူများဘဝ

AA လက်နက်ကိုင်အဖွဲ့ ရခိုင်ကို ခြေချကတည်းက ဒေသခံတွေဟာ သူတို့ရန်ပုံငွေ ကောက်တာပေးရတယ်၊ လူမျိုးရေးအကြောင်းပြ လူသစ်စုခံရတယ်။ တိုက်ယူမှရမယ် ဆိုတဲ့ ခံယူချက်တွေကြောင့် ရခိုင်ပြည်နယ် စစ်မီးတောက်ခဲ့တာ အခုနဲ့ဆို ၃ ကြိမ်ရှိပြီ၊ စစ်မီးတောက်တော့လည်း ဖြစ်လာတဲ့စစ်ဘေးရှောင်တွေ၊ ဆိုးကျိုးတွေကို AA က ဘာတစ်ခုမှ ကူညီထောက်ပံ့တာ မရှိတဲ့အပြင် သူတို့အဖွဲ့အတွက်ပဲ ရိက္ခာပြန်စု၊ လူသစ်ပြန်စု၊ ပြီးရင် စစ်ပြန်တိုက်နဲ့ မုန့်လုံးစက္ကူကပ်နေတာ။

ရခိုင်လူမျိုးတွေ လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာမဲ့သူတွေကို ဝါဒမှိုင်းတိုက် လက်နက်ကိုင်လမ်းစဉ်တွေကြောင့် ပြည်သူတွေ စစ်ဒဏ်အရင်ခံစားရတယ်၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ၊ ကုန်စည်စီးဆင်းမှုတွေ အကုန်ရပ်တန့်တယ်။ အဲဒီ ဒဏ်တွေကို ဒေသခံတွေပဲ လှိမ့်နေအောင် ခံစားခဲ့ရတာဖြစ်တယ်။ ရှေ့ဆက်ရမယ့် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မလုပ်နိုင်၊ စာသင်ကျောင်းတွေပိတ်၊ ကလေးတွေက ပညာသင်တစ်ပိုင်းတစ်စနဲ့ လူ့စွမ်းအားအရင်းအမြစ် ပေါ်ထွက်မလာတော့ဘူး။ ဘာကောင်းကျိုးရှိလဲ၊ ဒေသခံတွေဘက်ကလည်း လူမျိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့မလို့သာ ထောက်ခံနေရတာ မုန့်ဆီကြော်က ဘယ်နားမှာမှန်းမသိဘူး၊ AA ပြောတဲ့ လွတ်မြောက်ရေးဆိုတာ ဘယ်ဆီ ဘယ်ချိန်မှာ ရမယ်မသိဘူး၊ အခု စစ်ဒဏ်ခံရတော့ AA လော်ဘီတွေက ပြည်သူတွေ စစ်ဒဏ်ခံနိုင်မှ နိုင်မယ်ပြောနေပြန်ပြီ။ ဒေသခံတွေက ဘယ်အချိန်ထိ စစ်ဒဏ်ခံရမှာလဲ၊ ဘယ်အချိန်ထိ လူနဲ့ ရိက္ခာပေးနေရမှာလဲ၊ ဘယ်အချိန်ထိ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ခွာ ပြီး စစ်ဘေးရှောင်ဘဝနဲ့နေရမှာလဲ။

အဲ့ဒီတော့ အနှစ်ချုပ်ရရင် ၁၈ ရာစုခေတ်က ကျွန်၊ သခင်ဝါဒနဲ့မှိုင်းတိုက်နေတဲ့ AA ရဲ့ လက်နက်ကိုင်တိုက်နေတဲ့လမ်းစဉ်က ဒေသခံတွေ ဘယ်အချိန်ထိ ဒုက္ခခံရမှာလဲ? ကလေး တွေ ပညာမသင်ရပဲ ဘယ်အချိန်ထိ စောင့်ရမှာလဲ? လယ်မစိုက်၊ စီးပွားရေးမလုပ်ပဲ ဘယ်အချိန်ထိ စစ်ဘေးရှောင်ဘဝနဲ့ နေရမှာလဲ ?

သူတို့ကသာ (၁၈)ရာစုခေတ်က ကျွန်၊ သခင်စကားတွေ ၊ လွတ်မြောက်ရေးစကားတွေ ပြောနေ ကြပေမယ့် ယနေ့ မြန်မာနိုင်ငံအနှံက မြို့ကြီးတွေမှာ နေထိုင်ပြီး အောင်မြင် ကျော်ကြားနေတဲ့ ရခိုင်လူမျိုးပညာရှင်တွေ၊ အနုပညာရှင်တွေ အများကြီးရှိတယ်ဆိုတာ လည်း စကားချပ်အနေနဲ့ ပြောပါရစေ။

CRD;