အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အရှေ့အလယ်ပိုင်းသို့ ထပ်မံသွားရောက်ရန် စီစဉ်

နိုဝင်ဘာ ၂၉အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းသို့ သွားရောက်ရန် စီစဉ်ထားပြီး ဂါဇာကမ်းမြောင်ဒေသရှိ အရှေ့အလယ်ပိုင်းမှ တာ ဝန်ရှိသူများနှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

      အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခများ အောက်တိုဘာ ၇ ရက်က စတင်ခဲ့ပြီးနောက် ဘလင်ကန်၏ တတိယအကြိမ်မြောက် ခရီးစဉ်လည်းဖြစ်သည်။

      ဘလင်ကန်က အစ္စရေးနိုင်ငံ အနောက်ဘက် ကမ်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း အင်န်အိတ်ချ်ကေသတင်းဌာနနှင့် အခြားသောမီဒီယာများအား ပြောကြားခဲ့သည်။

       ဘလင်ကန်သည် မြောက်အတ္တလန္တိတ်စာ ချုပ်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံလက်ရှိတက်ရောက်နေသည့် ဘရပ်ဆဲလ်မှ အရှေ့အလယ်ပိုင်းဒေသသို့ ဆက်လက်ထွက်ခွာရန် မျှော်လင့်ရသည်။

       ဘလင်ကန်သည် ဂါဇာတွင် လူသားချင်း စာ နာထောက်ထားမှုဆိုင်ရာ အကူအညီများတိုးမြင့်လာမှုကို ထိန်းသိမ်းရန်နှင့် ဓားစာခံအားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း အလေးပေးပြောကြားထားပြီး ဂါဇာကမ်းမြောင်၏ အနာဂတ်ကို လုံခြုံစေရေးလွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားဖွယ်ရှိကြောင်း သိရသည်။

#PAN