တစ်ခါစစ်သားဖြစ်ဖူးတာနဲ့ အမြဲတမ်းအတွက် စစ်သား

KNDF အကြမ်းဖက်များအနေဖြင့် ကယားထောင်ကို နေ့စဉ်ရက်စက် သာလွန်အင်အားများဖြင့် တိုက်ခိုက်နေသည်မှာ အတော်အတန်ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတို့၏ သာလွန်ထောင်ချီအင်အားကို တပ်မတော်နှင့် ပူးပေါင်းအဖွဲ့များကနေစဉ်ကြံကြံ့ခံခုခံချေမှုန်းနေတာပဲ ဖြစ်ပါတယ်။

ကယားထောင်မှာ ၁၀ ရက်ကျော်တိုက်ပွဲဖြစ်စဉ်များအတွင်း ထောင်ဝန်ထမ်းတွေအပြင် DSA ၄၆ ထောင်ကျ ၂ ဦး (ထောင်ကျ စစ်မှုထမ်းဟောင်း)များကပါ စစ်သားစိတ်ဖြင့် လက်နက်ကိုင်ဆောင်ကာ မိခင်တပ်မတော် အတွက် စုပေါင်း ခုခံနေမှုကလည်း စိတ်ဝင်စားဖွယ် အဖြစ်အပျက်အဖြစ် သမိုင်းမှတ်တမ်းဝင်မော်ကွန်းတင်စရာပဲ ဖြစ်ပါတယ်။ once a soldier always a soldier ဆိုတဲ့အတိုင်း ထောင်ကျနေတဲ့ စစ်မှုထမ်းဟောင်းများအနေဖြင့် မိမိတို့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ စစ်သားစိတ်တွေ၊ မိခင်အဖွဲ့အစည်းကို ချစ်တဲ့စိတ်‌တွေကို အကြမ်းဖက်တွေကို ပြသသွားတာပဲ ဖြစ်ပြီး စစ်သားတစ်ယောက်အနေနဲ့ တစ်ခါစစ်သားဖြစ်ဘူးတာနဲ့ အမြဲတမ်းအတွက် စစ်သားလို့ ခံယူထားတတ်ကြတာပဲ ဖြစ်ပါတယ်။ လေးစားပါတယ် မြန်မာ့တပ်မတော်သားများ…