မနက်ခင်းအားကစားသတင်းများ

★ ပရီးမီးယားလိဂ် ပွဲပြီးရလဒ်
မန်ချက်စတာယူနိုက်တက် ၃-၂ နယူးကာဆယ်
ယူနိုက်တက် – မိန်နူး(၃၁ မိနစ်)၊ အာမတ်ဒီယာလို(၅၇ မိနစ်)၊ ဟွိုင်လန်း(၈၄ မိနစ်)
နယူးကာဆယ် – ဂေါ်ဒွန်(၄၉ မိနစ်)၊ လူးဝစ်ဟောလ်(၉၀+၂ မိနစ်)

★ ကိုပါအီတာလီယာ ဗိုလ်လုပွဲ ပွဲပြီးရလဒ်

အတ္တလန်တာ ဝ-၁ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ် – ဗလာဟိုဗစ် (၄ မိနစ်)

  • ဂျူဗင်တပ်စ်အသင်းသည် ကိုပါအီတာလီယာချန်ပီယံဆုကို ၁၅ ကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး ဒုတိယ ၇ ကြိမ် ရရှိခဲ့သည်။
  • အတ္တလန်တာအသင်းအနေဖြင့် ဗိုလ်လုပွဲ နောက်ဆုံး(၅)ကြိမ်ဆက် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

★ လာလီဂါ ပွဲစဉ်-၃၆ ရလဒ်
ဆီဗီလာ ဝ-၁ ကာဒစ်ဇ်
ဗယ်လက်ကာနို ၂-၁ ဂရန်နာဒါ
ဆယ်လ်တာဗီဂို ၂-၁ ဘီလ်ဘာအို
ဂီတာဖေး ဝ-၃ အက်သလက်တီကို

  • အက်သလက်တီကိုအသင်းသည် ယခုနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် သေချာခဲ့သည်။
    ■ ပြင်သစ်လိဂ် ပွဲစဉ်-၃၂ ရလဒ်
    နိုက်စ် ၁-၂ PSG
    Reims ၁-၀ မာဆေးလ်