အသေခံဒရုန်းတိုက်ရေယာဉ်တွေ စတင်သုံးစွဲတော့မည်

ယူကရိန်းဒရုန်းရေယာဉ်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် မောင်းသူမဲ့အသေခံတိုက်ရေယာဉ်တွေကို ရုရှားနိုင်ငံက မကြာခင် အသုံးပြုသွားတော့မှာဖြစ်ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

သင်္ဘောကုန်းပတ်ပေါ်ကနေ ရေချတိုက်ခိုက်နိုင်စွမ်းရှိတဲ့ အဲဒီကာမီကာဇေဒရုန်းရေယာဉ်ဟာ ကုန်းပေါ်က ပစ်မှတ်ကိုရော ရေထဲက ပစ်မှတ်ကိုပါ တိုက်ခိုက်နိုင်ကြောင်း ရုရှားအစိုးရပိုင် Izvestia သတင်းစာမှာရေးသားထားကြောင်းသိရပါတယ်။ #Crd