AA အဖွဲ့၏ ပစ်ခတ်မှုများကြောင့် အရပ်သား ၁၈ ဦး သေဆုံးပြီး ၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

အကြမ်းဖက်သောင်းကျန်းသူများ၏ မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် ဖေဖော်ဝါရီလကုန်မှစ၍ မတ်လ ၁၆ ရက်နေ့အထိ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသား/သူ နှစ်ဦးအပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့်ဌာနဆိုင်ရာအဆောင်အဦများ ပျက်စီးဆုံးရှုူံးခဲ့ရကြောင်းသိရပါတယ်။