မြန်မာ-အိန္ဒိယနယ်စပ်တွင် ရွှေ (၄) ပိသာ ဖမ်းမိ

အိန္ဒိယနိုင်ငံဘက်ခြမ်း မိုးရေးမြို့တွင် တရားမဝင်ရွှေတုံး ၄ ပိသာခန့် အမှတ် ၅ အာသံရိုင်ဖယ်တပ်ရင်း က ဖမ်းမိခဲ့ကြောင်း သိရှိရပါတယ်။

ဖြစ်နိုင်တာကတော့ မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံဘက်ကို တရားမဝင်ခိုးထုတ်သွားတာဖြစ်နိုင်ပါတယ်…ဘာကြောင့်လဲဆို
အိန္ဒိယနိုင်ငံ ဘက်မှာ အခေါက်ရွှေတစ်ကျပ်သားကို မြန်မာငွေ ၃၂ သိန်းလောက်ပေါက်နေတော့ မြန်မာဘက်က ဝယ်ပြီး အိန္ဒိယနိုင်ငံဘက်သို တရားမဝင်ခိုးထုတ်ရောင်းချရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောကြားကြောင်း သိရှိရပါတယ်။

zawgyi

