UWSA ထုတ်စိတ်ကြွဆေးပြား ၈ သန်းကျော် ထိုင်း – မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိ

ဖေဖော်ဝါရီလ ၂၆ ရက် မနက် ၄ နာရီခန့်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချင်းတောင်းမြို့နယ်၊ မိုင်းငိုင်းရွာ သုံးခွလမ်းဆုံမှာ လယ်ယာထွက်သီးနှံတွေ တင်ဆောင်ထားတဲ့ Hilux ကားတစ်စီးကို သတင်းအရ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖမ်းဆီးခဲ့ရာမှာ စိတ်ကြွမူးယစ်ဆေးဝါး ၈ သန်းကျော်ကို ထိုင်းနိုင်ငံသား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။

ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားများရဲ့ အမှတ်တံဆိပ်အရ UWSA (ဝ) အဖွဲက ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးများဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ (ဝ) အဖွဲနှင့် ထိုင်းနယ်စပ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သူများ ချိတ်ဆက်ပြီး ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံက မြို့ကြီးများသို ဖြန့်ဖြူးမည့် ဆေးဝါးများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးရောင်းချရရှိသည့် ထိုင်းဘတ်ငွေများဖြင့် ကမ္ဘောဒီးယားနယ်စပ်မှ လက်နက်မှောင်ခိုရောင်းဝယ်သူများထံမှ လက်နက်ခဲယမ်းများ ဝယ်ယူပြီး (ဝ) နယ်မြေသို ပြန်လည်သယ်ယူမည်ဖြစ်ကြောင်း ဖော်ထုတ်ရရှိတယ်လို ဆိုပါတယ်။

(ဝ)အဖွဲရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ထိုင်းနယ်ခြားစောင့်တပ်များက အမြဲတမ်းစောင့်ကြည့်နေပြီး ထိုင်း-မြန်မာနယ်စပ်တွင် တစ်ခါတစ်ရံ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရပါတယ်။

#Crd