အသုံးဝင်တာ ကုသိုလ်ပါ

လူ့ဘဝဆိုတာ
အလိုမပြည့်ခင် ပြန်ကြရမှာပါ ။

ရှာထားသမျှတွေ
ခံစားမဝသေးခင် ပြန်ကြရမှာပါ ။

ချစ်လို့မဝသေးခင်
ပစ်လို့ကြဥ်ထားပြီး ပြန်ကြရမှာပါ ။

လက်ခံသည် လက်မခံသည်ဖြစ်စေ
အိုခြင်းဆီ အလိုလိုရောက်နေမှာပါ ။

ပြင်ဆင်ထားတာပဲဖြစ်ဖြစ်
မပြင်ဆင်ထားမိတာပဲဖြစ်ဖြစ်
နာခြင်းဆီကို ခရီးဆက်ကြရမှာပါ ။

အသက်ရှည် အနာကင်းသည်ဖြစ်စေ
သေမင်းဆီ စီး၀င်သွားကြရမှာပါ ။

နေရဖို့ကံ ကုန်သည်နှင့်အမျှ
အားလုံးကို ကျောခိုင်းသွားရမှာပါ ။

နောက်ဘဝ ကောင်းဖို့ဆိုတာ
လက်တွေ့ ဘဝရဲ့ လုပ်ရပ်အပေါ်
အများကြီး မူတည်နေပါတယ် ။

ကုသိုလ်ကြောင့် လူဖြစ်ရတာဖြစ်လို့
သံသရာ ဇယား မပြတ်နိုင်သေးရင်
ကုသိုလ်နဲ့ပဲအဖော်ပြုသွားရအုံးမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏