ကြွက်တက်ခြင်း

Muscle pain
pain

လူအများစုဟာ ခြေသလုံးကြွက်သားများ ကျုံ့မှုကြောင့်
ကြွက်သားများ နာကျင်ကိုက်ခဲမှု ဝေဒနာ ကြွက်တတ်ခြင်းကို
ခံစားရဖူးပါတယ်။
ဒီလိုဖြစ်ရခြင်းကတော့ ကြွက်သားများကို ထောက်ပံ့ပေးနေသော
သွေးများ ကောင်စွာမစီးသောကြောင့် ဖြစ်ပါတယ်။
အထူးအဖြင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့
အခါမျိုးမှာ ကြွက်တတ်လေ့ရှိပါတယ်။
တာဝေး မိုင်ရှည် လမ်းလျှောက်တာ၊ ပြေးတာတို့လုပ်ပြီး
ချက်ခြင်း ရပ်တန့်အနားယူတယ် ဆိုရင်လည်း ကြွက်တတ်
လေ့ရှိပါတယ်။ အပြေးလေ့ကျင့်လုပ်ပြီးရင် အကြောလျှော့
လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်သင့်ပါတယ်။

အလွန်ပူပြင်းတဲ့ နိုင်ငံများမှာ ‌ချွေးထွက်များတဲ့အခါ ဓါတ်ဆားများ
ဆုံးရှုံးပြီး ကြွက်တတ်တတ်ပါတယ်။

ကြွက်တတ်ခြင်းဟာ သွေးလည်ပတ်မှု မကောင်းခြင်းကြောင့်
ဖြစ်သော်လည်း မဂ္ဂနီဆီယမ်၊ ပိုတတ်ဆီယမ်နှင့် ကယ်လ်ဆီယမ်ဓါတ်များ
ဆုံးရှုံးမှုကြောင့်လည်း ဖြစ်တတ်ပါတယ်။

ကြွက်တတ်လေ့ရှိသူများဟာ အဖြူဆွတ်ထားသော ပြုပြင်ဖန်တီးထားသည့်
ဆန်ဖြူ၊ ဘီစကစ်၊ ကိတ်မုန့်၊ ပီစာမုန့်များစတဲ့ ခန္ဓာကိုယ်အတွင်းမှ
ပိုတတ်ဆီယမ်များနှင့် ကယ်လ်ဆီယမ်ဓါတ်များကို လျှော့နည်းစေတဲ့
အစားအစာများကို ရှောင်ကြည်ရပါမယ်။

လတ်ဆတ်သော ဟင်းသီးဟင်းရွက် အသီးအနှံများ၊ အထူးသဖြင့်
ဌက်ပျောသီး၊ ပန်းမုန်လာ၊ ပိန္နဲသီး၊ အာလူး၊ လတ်ဆတ်သော သစ်သီး
အရည်များ၊ ပင်လယ်အစားအစာ၊ အစိမ်းရင့်ရောင် အရွက်များ၊
ထောပတ်သီး၊ ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုးတို့ကို စားသုံးခြင်းဖြင့်
မဂ္ဂနီဆီယမ်နှင့် ပိုတတ်ဆီယမ် ဓါတ်များကို ကြွယ်ဝစေပြီး
ကြွက်တတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ဗာဒံစေ့၊ နှမ်းစေ့၊ သီဟိုစေ့ စတဲ့ အစေ့အဆန်များတွင် ယင်းသတ္တုဓါတ် ၃ မျိုး
စလုံး ပါဝင်ပါတယ်။ နို့၊ နှမ်းစေ့၊ ငါးသေတ္တာ၊ ငါးနှင့်
ဒိန်ခဲတို့ကိုလည်း ဖြည့်စွက်စာအဖြစ် စားသင့်ပါတယ်။

အကြံပြုချက်
***********
ညအိပ်စဉ် မကြာခဏ ကြွက်တတ်လေ့ရှိသူများတွင်
ခြေသလုံးကြွက်သား ဆန့်ထုတ်သည့် လေ့ကျင့်ခန်းများကို
အိပ်ရာမဝင်ခင် ပြုလုပ်သင့်ပါတယ်။ ညနေခင်းတွင်
လမ်းလျှောက်သည့် အကျင့်တစ်ခု ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးပါ။ အပြင်းအထန်
မပြုလုပ်ရပါ။ မိမိဘာသာ ခြေသလုံးကို နှိပ်နယ်ပေးပါ။