ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို မပျက်မကွက် ထိုးနှံရန်လိုအပ်

၃-၁၀-၂၀၂၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲ အတည်ပြုလူနာသစ် ၃၇၈ ဦး တွေ့ရှိခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိမှုမှာ ၂.၈၈ ရာခိုင်နှုန်း
ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် ရောဂါအခံရှိသူများ၏ ၈၁.၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်း မရှိသူများနှင့်
ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် ရောဂါအခံရှိသူများ၏ ၁၇.၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူများ
ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် ရောဂါအခံရှိသူများ၏ ၁.၄ ရာခိုင်နှုန်းသည် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများ
ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံကြဖို့ စေတနာဖြင့် တိုက်တွန်းလိုပါတယ်။