ဝိတ်ချရတာလွယ်လား? ခက်လား?

ဝိတ်ချရတာလွယ်လား? ခက်လား? ဆိုတဲ့မေးခွန်းကတကယ်တော့ ချက်ချင်းဖြေလို့ရတဲ့ မေးခွန်းမဟုတ်ပါဘူး။

သင်က ဝိတ်ချမှာလား၊ အဆီချမှာလား၊ ကြွက်သားတည်ဆောက်မှာလားဆိုတဲ့အပေါ်မူတည်ပြီး အဖြေအမျိုးမျိုးကွဲပြားပါတယ်။

လူတစ်ယောက်ရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အသက်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်တို့ အပေါ်မူတည်ပြီး ကယ်လိုရီလိုအပ်ချက်ကို ဦးစွာတွက်ချက်ရပါမယ်။ ကယ်လိုရီတွက်ပြီးစားသောက်မှုပုံစံပြောင်းလဲတာက ဝိတ်ချခြင်း၊ အဆီချခြင်း၊ ကြွက်သားတည်ဆောက်ခြင်း အားလုံးရဲ့ အစပါပဲ။

ကယ်လိုရီတွက်ရတာခက်လား? မခက်ပါဘူး

👉 တစ်နေ့ကို အစားထိန်းစားမယ်၊ လှုပ်လှုပ်ရှားရှားနေမယ်ဆိုရင် ဝိတ်ထိန်းနိုင်မယ်။ ပေါင်ချိန်လဲမကျဘူး။ အဆီလဲမကျဘူး။

👉 အစားအသောက်ကို ကယ်လိုရီတွက်စားမယ်၊ ပိုပြီးလှုပ်လှုပ်ရှားရှားနေမယ်၊ လေ့ကျင့်ခန်းလည်းလုပ်မယ်ဆိုရင် အဆီနည်းနည်းကျမယ်။ ပေါင်ချိန်ပိုကျမယ်။ ဒါပေမဲ့ ကြွက်သားတည်ဆောက်မှုအားနည်းပြီး အသား‌ပျော့တွဲတွဲဖြစ်မယ်။ ပရိုတင်းအားနည်းပြီး Metabolism ထိခိုက်လို့ ပြန်ဝဖို့လွယ်မယ်။

👉 အစားအသောက်ကို ကယ်လိုရီတွက်စားမယ်။ ပိုပြီးလှုပ်လှုပ်ရှားရှားနေမယ်။ လေ့ကျင့်ခန်းကို အလေးမပစ္စည်းတွေသုံးပြီးဖြစ်စေ မသုံးဘဲဖြစ်စေ ကြွက်သားတည်ဆောက်တဲ့ လေ့ကျင့်ခန်းမျိုးကို သေချာလုပ်ပေးမယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းကို အမှုန့် ဝယ်ပြီးဖြစ်စေ ပရိုတင်းပါတဲ့ အစားအသောက်တွေစားပြီးတော့ဖြစ်စေ စားသုံးမယ်ဆိုရင် အဆီလုံးဝကျမယ်။ ပေါင်ချိန်ကျမကျက ခန္ဓာကိုယ်ပေါ်မူတည်တယ်။ ကြွက်သားတွေကတင်းရင်းပြီး ကျန်းမာပိန်သွယ်တဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နိုင်မယ်။

ပရိုတင်းကို ဘာကြောင့် စားပေးရမှာလဲ?

👉လူတစ်ယောက်ရဲ့ နေ့စဉ် ပရိုတင်းလိုအပ်ချက်နဲ့ ပြည့်ဝအောင်စားပေးမှ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေ မှန်ကန်စွာလည်ပတ်နိုင်မယ်။ ကိုယ်ကလေ့ကျင့်ခန်းတွေ လုပ်ထားတာကိုး။ ပြီးတော့ ပရိုတင်းပါတဲ့ အစားအစာတွေက ‌‌နည်းနည်းနဲ့ ဗိုက်ပြည့်လွယ်တယ်။ တစ်နပ်စီတိုင်းမှာ လိုအပ်တဲ့ ပရိုတင်းပမာဏကို ထည့်စားပေးခြင်းဖြင့် အများကြီးစားမိတာမျိုး၊ အဆီအဆိမ့်တွေစားမိတာမျိုးကနေ လျော့ချပေးနိုင်တယ်။

အစာဖြတ်တာ၊ ညစာမစားတာတွေက ဝိတ်ကျတာအမှန်လား?

👉ဝိတ်တော့ကျမှာပဲ ဒါပေမဲ့ Metabolisms နှေးလာမှာ‌ဖြစ်လို့ ကျန်းမာရေးထိခိုက်မယ်၊ ကျောက်ကပ်ထိမယ်၊ အစားသာမထိန်းနိုင်ရင် အရင်ဝတာထက်ပိုဝမယ့်အပြင် Metabolisms နှေးသွားတာကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကျဆင်းပြီး ပိုပြီးဝိတ်ချရခက်သွားမှာဖြစ်ပါတယ်။

ဒီတော့ ဘယ်လို ဝိတ်ချသင့်လဲ ဝိတ်ချရတာလွယ်လားခက်လား? စဉ်းစားကြဖို့တော့ လိုပြီနော်……။

သိချင်တဲ့ မေးခွန်းလေးတွေကို PCT message box မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်…။

အစားအစာမှာ ကယ်လိုရီပါဝင်မှု ပမာဏလေးတွေကို ဖော်ပြပေးလိုက်ပါတယ်….