ဖူဆယ်ပြိုင်ပွဲများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ကျင်းပသွားမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်နှင့် ဖူဆယ်လိဂ် ကော်မတီအနေဖြင့် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စတင်ကျင်းပမည့် ပြိုင်ပွဲများမှာ MFF Rhino Futsal Championship 2023 ပြိုင်ပွဲ၊ MFF Futsal League 2023 ပြိုင်ပွဲ၊ MFF Women’s Futsal Championship 2023 ပြိုင်ပွဲနှင့် MFF Futsal League II ပြိုင်ပွဲတို့ ဖြစ်ပြီး ပြိုင်ပွဲအားလုံးကို MFF Futsal Stadium တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။