သမ္မတဂျိုးဘိုင်ဒင်ရဲ့နေအိမ်ကို တရားရေးဌာနက ထပ်မံရှာဖွေရာ လျှို့ဝှက်အဆင့် စာရွက်စာတမ်းများထပ်မံတွေ့ရှိဟုဆို

အမေရိကန်နိုင်ငံ၊ ဒယ်လာဝဲပြည်နယ်၊ ဝီလ်မင်တန်မှာရှိတဲ့ သမ္မတဂျိုးဘိုင်ဒင်ရဲ့နေအိမ်ကို တရားရေးဌာနက ဇန်နဝါရီ ၂၀ရက် သောကြနေ့က ရှာဖွေမှုတွေထပ်မံပြုလုပ်ခဲ့ရာမှာ လျှို့ဝှက်အဆင့်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေ ထပ်တွေ့ခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ရေးရှေ့နေ ဘော့ဘော်ဝါက ယမန်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ ၁၉၇၃ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွင်း ဒယ်လဝဲ ဆီးနိတ်အမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလက လျှို့ဝှက်အဆင့် သတ်မှတ်ပေးထားတဲ့ စာရွက်စာတမ်းတွေအပါအဝင် အနည်းဆုံး စာရွက်စာတမ်း (၆)ခုတွေ့ရှိခဲတာလို့ ဆိုပါတယ်။

တရားရေးဌာနဟာ ရှာဖွေမှုကို ၁၂ နာရီကြာအထိ ပြုလုပ်ခဲ့အပြီးမှာ အဲဒီစာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ကြတာဖြစ်တဲ့အပြင် ဒုတိယ သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ်က သူ့ရဲ့ လက်ရေးစာတွေကိုပါ တရားရေးဌာနက ယူဆောင်သွားတယ်လို့ သိရပါတယ်။

mhtnews