ပျဉ်းမနားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီးရှင်းလင်းပြသ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ပျဉ်းမနားမြို့နယ်၌ ပထမနေ့အဖြစ် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

ဦးစွာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးကြကာ မဲဆန္ဒရှင်များကိုယ်တိုင် မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစကမှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်၊ မမှန်စိစစ်ခြင်းတိုကို စနစ်တကျဆောင်ရွက်ကြသည်။

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတိုမှ ကိုယ်စားလှယ်များ၊ ရွာကောက်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ကူးတိုဆိပ်ကျေးရွာအုပ်စု၊ နတ်သူရဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စုနှင့် သနပ္ပင်ဆိပ်ကျေးရွာအုပ်စုတိုမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM) နှင့်စပ်လျဉ်း၍ ပြည်သူများ သိရှိနားလည်မှုမြင့်တက်စေရန်အတွက် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဝန်ကြီးဌာန/အဖွဲအစည်းများသို သွားရောက်၍ လက်တွေ့သရုပ်ပြ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေအတွင်း ပြည်သူများရှိရာ ရပ်ကွက်နေရာ များအထိ သွားရောက်၍ မြိုနယ်အလိုက် အလှည့်ကျသရုပ်ပြ ရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိရာ ဥတ္တရသီရိမြိုနယ်၊ ပုဗ္ဗသီရိမြိုနယ်၊ ဇေယျာသီရိမြိုနယ်နှင့် တပ်ကုန်းမြိုနယ်တိုရှိ ရပ်ကွက်/ကျေးရွာအုပ်စုအားလုံးတို၌ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ပျဉ်းမနားမြိုနယ်၌လည်း မြိုနယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၃၆ ခုမှ မဲဆန္ဒရှင်ပြည်သူများအား ရှင်းလင်းသရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။