မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ့်အကြောင်းကိုယ်သိပါ

ကိုယ်ဟာ ကိုယ့်အပေါ်မှာ
တာ၀န်ကျေပြီလားလို့မေးပေးပါ ။

လူဆိုတာ သူများအတွက်ဆို
တာ၀န်အင်မတန်ကျေချင်ကြသလို

ကိုယ်မရှိရင်ဘယ်လိုနေကြမလဲလို့
အမြဲတမ်းတွေးဖြစ်ကြပါတယ် ။

သူများအကြောင်းဆိုစိတ်၀င်စားလို့
ကိုယ့်အကြောင်းဆို မေ့နေကြတယ် ။

သူများဘဝကို
အကောင်းဘက်ရောက်စေချင်တာ
ကောင်းတဲ့အလုပ်ဖြစ်ပေမယ့်လည်း

ကိုယ်မကောင်းရင်တော့
ကိုယ့်စာရင်းကိုယ်ပဲဖြေရှင်းရမှာပါ ။

အများအတွက် အချိန်ကုန်တာဟာ
ကိုယ့်ဖို့ အချိန်လျော့သွားတာဖြစ်လို့

နေဖို့မကြာတဲ့ဘ၀မှာ
ကောင်းစွာသေဖို့ရာအတွက်ရယ်

တမလွန်ဘ၀ကောင်းဖို့ရယ်ကို
စဥ်းစားပြင်ဆင်ထားဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏