အန်တိုနီကို ဈေးကြီးပေးခေါ်မိလို့ ဝေဖန်ခံခဲ့ရတဲ့ မန်ယူ

မနှစ်က နွေရသီမှာ အန်တိုနီကို မန်ချက်စတာယူနိုက်တက်က ဈေးကြီးပေး ခေါ်ယူတာဟာ မိုက်မဲမှုတစ်ခု ဖြစ်ပြီး ဘောလုံးလောကက လူတိုင်း ဒါကိုသိကြတယ်လို့ ပီအက်စ်ဗွီ ဘောလုံးဒါရိုက်တာ မာဆယ်ဘရန်းက ဆိုပါတယ်။
အန်တိုနီအတွက် ပေါင်၈၅.၅သန်း ပေးချေခဲ့ရတဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ဟာ သူ့ကို ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဈေးအကြီးဆုံး ကစားသမားတစ်ယောက် ဖြစ်လာစေခဲ့တာပါ။

ဘရန်းဟာ ဂေဘရီရယ်ဂျေးဆုက (၄၅သန်း)၊ ရာဖင်ညာ(၅၅သန်း) တို့နဲ့ နှိုင်းယှဉ်ပြီး အန်တိုနီအတွက် ယူနိုက်တက် ပေးချေခဲ့ရတဲ့ပမာဏကို မယုံနိုင်အောင် ဖြစ်နေခဲ့တာပါ။
“ရာဖင်ညာက အန်တိုနီထက် အများကြီးတောင် ပိုကောင်းပေမယ့် ပြောင်းရွှေ့ကြေး နည်းနည်းပဲ ရှိခဲ့ပါတယ်။ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းသွားတဲ့ ဂျေးဆုတို့လိုမျိုး ယုတ္တိရှိတဲ့ အပြောင်းအရွှေ့တွေနဲ့ ယှဉ်ကြည့်ပါ။ အဲ့ဒါတွေက သင့်တင့်တဲ့ ပမာဏပဲ ရှိခဲ့တယ်။ အန်တိုနီရဲ့ အပြောင်းအရွှေ့က မိုက်မဲမှုတစ်ခုဆိုတာ ဘောလုံးလောကက လူအားလုံးသိကြမယ်ထင်ပါတယ်”လို့ မာဆယ်ဘရန်းက ပြောဆိုခဲ့တာပါ။

အန်တိုနီက အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံ ၇ဂိုး သွင်းယူခဲ့ပေမယ့်လဲ သူ့ရဲ့ များပြားတဲ့ တန်ကြေးနဲ့ ထိုက်တန်မှုကို ပြသဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်ဟာ တောင်ပံကစားသမားကို အထင်မကြီးခဲ့ပေမယ့် ဒါဟာ သူ့ရဲ့ များပြားလွန်းတဲ့ တန်ကြေးနဲ့ တစိတ်တပိုင်း သက်ဆိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“သူ့ရဲ့ ပြောင်းရွှေ့ကြေးကိုကြည့်ပြီး ပရီးမီးယားလိဂ်မှာ တောက်ပဖို့ သူ့ကို မျှော်လင့်ကြတယ်။ အရင်တုန်းက သူ့ရဲ့ခြေစွမ်းဗီဒီယိုတွေကတော့ အထင်ကြီးစရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပလိဂ်က ကစားသမားတွေ ပရီးမီးယားလိဂ်ကို ရောက်ရင် ရုန်းကန်ရတာ ပုံမှန်လိုဖြစ်နေပြီ။ တချိန်ချိန်မှာတော့ အန်တိုနီရဲ့ အစွမ်းအစ အပြည့်အဝကို မြင်တွေ့ရနိုင်ကောင်းပါတယ်။ အနာဂတ်မှာ သူ့ဆီကနေ အများကြီး မြင်တွေ့ရဖို့ မျှော်လင့်ထားတယ်”လို့ ယော့ခ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Credit