ဖေဖော်ဝါရီလ ၁၂ ရက် ဆီဆိုင်မြို့တိုက်ပွဲသတင်း

-ဆီဆိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော PNO အဖွဲ့များသည် နောင်ဆိုင်ရွာဝန်းကျင် နယ်မြေရှင်းလင်းစဥ် PNLO/KNDF ပူးပေါင်းအဖွဲ့ နှင့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မိမိဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူများ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။

-ဘန်းယဉ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ထမ်ယမ်းကျေးရွာအနီးသို့အရောက် နေရာ ၃ နေရာမှ KNDF/PNLO နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က Drone ၁ စီးဖြင့် Bomb ၄ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ဆီဆိုင်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် ဟိုခဲဘုန်းကြီးကျောင်းအနီးသို့အရောက် နေရာ ၃ နေရာမှ KNDF/PNLOနှင့် PDF ပူးပေါင်းအင်အား ၆၀ဦးခန့်က ၁ ကြိမ်၊ ၂၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ဆီဆိုင်မြို့ကို ထိန်းချုပ်ထားသော တပ်မတော်စစ်ကြောင်းများသည် နယ်မြေခံ PNA အဖွဲ့များနှင့် ပူးပေါင်းပြီး ဆီဆိုင်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင်ရှိသော KNDF/PNLA အဖွဲ့များကို ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ နေ့စဥ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ။

#တိုက်ပွဲသတင်းစုံ