ဘီးလင်းမြိုနယ်ရှိ မြေယာစီမံကိန်းရုံးအား PDFအကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ

ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ၃၀ အချိန်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ တောင်စွန်းကျေးရွာအုပ်စု၊ အောင်ဆန်းမြိုသစ် ရှိ မြေယာစီမံကိန်း ( ခေတ္တရုံး )အား PDF အကြမ်းဖက် သမားများမှ လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲခဲ့ရာ မြေယာစီမံကိန်းရုံး၏ ရေကန် အနီးတွင် ပေါက်ကွဲခဲ့ပြီး လူထိခိုက် မှုမရှိခဲ့ ကြောင်းသိရပါတယ်။ မြေယာစီမံကိန်း၏ ရုံးတွင် နောက်ထပ် လက်လုပ် မိုင်း ( ၃ )လုံးထပ် မံ တွေ့ရှိခဲ့သဖြင့် ဘီးလင်းမြိုနယ် လုံခြုံ ရေးတပ်ဖွဲများက ၎င်းဗုံးများအား သက် မဲ့ပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။