KIA ၏ အသုံးချခံဘဝများ

မနေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ KIA/PDF ရင်း(၈)၏ ပွိုင့်-၁၉၀၇ တောင်ကုန်းအား
သိမ်းပိုက်ရရှိလိုက်ပါတယ် ..

တောင်ကုန်းကို တက်သိမ်းတော့ KIA/PDF တွေက ခုခံပစ်ခတ်မှုအနည်းငယ်သာလုပ်ပြီး ထွက်ပြေးသွားလို လွယ်လွယ်ကူကူနဲ့
အဖိတ်အစင်မရှိ ရရှိခဲ့တာပါ …

ပြောရမယ်ဆိုရင် မန်တုံဆိုတာ ပလောင်လူမျိုးအများစုနေတဲ့ ပလောင်နယ်မြေဖြစ်ပါတယ် … အဲ့ဒီ ပလောင်မြို့ မန်တုံကို
KIA က လိုချင်နေတယ် ..

ဒါပေမယ့် TNLA နဲ့လည်း ပြဿနာမဖြစ်ချင်ဘူး .. ဒါကြောင့် PDF ကို ရှေ့တန်းတင်ပြီး အဖျက်အမှောက်တွေလုပ်တယ် ..
ပလောင်ဘုန်းကြီးတွေကို ခြိမ်းခြောက်တယ်၊ ဘုရားစေတီတွေအပေါ်မှာ စစ်စခန်း ဆောက်တယ် ..

အခုဆို တပ်က စစ်ကြောင်းတွေထိုးလာတော့ KIA အနေနဲ့ ဘေးကြပ်နံကြပ်ဖြစ်နေတာတွေ့ရတယ်။

နောက်တစ်ခုက ပြဿနာတက်လာရင် KIA က မျက်နှာပျက်စရာမလိုဘဲ PDF ကို အပြစ်လွှဲချလိုက်တယ် ..
တိုက်စရာရှိရင် သူတို့ကို တိုက်ခိုင်းတယ် .. PDF တွေဘဝကတော့ အသုံးချခံ၊ အဖိနှိပ်ခံတွေပေါ့ ..

အဲလို ပလောင်လူမျိုးတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေကြောင့် ဒေသခံပလောင်တိုင်းရင်းသားတွေရော၊
ပလောင်လက်နက်ကိုင်တွေရောက KIA/PDF ကို ပြန်တိုက်ဖို့ စီမံနေကြပြီ၊ တိုင်ပင်နေကြပြီ၊ အချီကြီးကြံနေကြပြီလို့
ခပ်ပိန်းပိန်း PDF လေးတွေ ပဲလှော်ကြား ဆားညပ်မှာစိုးလို သတိပေးလိုက်ပါတယ် ။။။