PDF အကြမ်းဖက်သမားများထံ ရောင်းချမည့် လက်နက်ခဲယမ်းများ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ PDF များအတွက် လက်နက်၊ ခဲယမ်း ရောင်းဝယ်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ကို နမ့်စန်မြို့နယ်၊
အမှတ်(၂)ရပ်ကွက်၊ ဧည့်စုမိုတယ်မှာ ရောက်ရှိတည်းခိုနေကြောင်း ပြည်သူတစ်ဦးက လျှို့ဝှက်သတင်းပေးလို့ဆိုပီး လုံခြုံရေး
တပ်ဖွဲ့ဝင်တွေက အဆိုပါမိုတယ်ကိုအတင်း ဝင်ရောက်ရှာဖွေခဲ့ရာလက်နက် ၅ လက်၊ ခဲယမ်းမျိူးစုံနဲ့အတူ တရားခံအရှင် ၅ ဦး
နှင့် အသေ ၁ ဦး ဖမ်းဆီးခံရကြောင်း သိရပါတယ်..

သေဆုံးသူမှာ အသက် ၃၀ နှစ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံထွက်ပြေးလို ပစ်သတ်ခံရခြင်း
ဖြစ်ကြောင်း၊ ကျန်တရားခံ ကျား ၄ ဦး၊ မ ၁ ဦးတို့ကို
– လိုင်စင်မဲ့ယာဉ် Probox ၁ စီး ၊
– Crown ၁ စီး၊
– အမ်(၇၉) ဗုံးပစ်လောင်ချာ ၁ လက်၊
– အမ်(၄) ၂ လက်၊
– အမ်(၁၆) ၁ လက်၊
– ပစ္စတို ၁ လက်၊
– ကျည်အိမ်မျိုးစုံ ၄ ခု၊
– လောင်ချာဗုံးသီး ၆၀ လုံး၊
– ကျည်မျိုးစုံ ၁၀၀ တောင့်အတူ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်..

လတ်တလောကာလမှာ ပြည်သူလူထုရဲ့ လျှို့ဝှက်သတင်းပေးမှုနဲ့ စစ်ပြေး CDM အယောင်ဆောင်သူလျှိုများရဲ့ သတင်းပေးပိုမှုတွေကြောင့်
PDF တွေအတွက် ပြည်ပမှ ပေးပို့တဲ့ လက်နက်၊ ခဲယမ်းတွေ မကြာခဏ ဖမ်းဆီးခံရနေပါတယ်….