စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်သမားတွေ

မေလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့နဲ့ ညောင်ပင်သာမြို့အကြား ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ ငနုသန်းတံတားနဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းတို့ကို KNLA/PDF အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် ပျက်စီးမှုများရှိခဲ့တယ်လို့ သိရပါတယ်…

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ လက်ရှိအချိန်အထိ ရထားလမ်းနဲ့ ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခံရမှု (၁၃၁)ကြိမ်၊ ရထားလမ်းတံတားများ မိုင်းခွဲဖျက်ဆီးခံရမှု (၅၄)ကြိမ်နဲ့ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု (၁၂)ကြိမ် ရှိခဲ့ပြီလို့လည်း သိရပါတယ်…

အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့ အများပြည်သူ အသုံးပြုသွားလာနေတဲ့ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ဘူတာအဆောက်အဦနဲ့ ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းသည် စစ်ရာဇဝတ်မှု(War Crime)ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပဲဖြစ်ပါတယ်…