ရေစကြိုမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်တွင် PDFအကြမ်းဖက်သမားများက ပြည်သူ ၂ဦးအားသတ်ဖြတ်

မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စည်ပင်သာယာရပ်ရှိ နေရှင်နယ်လ္ဘက်ရည်ဆိုင်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်၌ PDF အကြမ်းဖက်သမားများက အဆိုပါလ္ဘက်ရည်ဆိုင်ပိုင်ရှင်နှင့် အမျိုးသားတစ်ဦးတိုကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

အဆိုပါလ္ဘက်ရည်ဆိုင်သို ဆိုင်ကယ် ၃ စီးဖြင့် PDFအကြမ်းဖက်သမားအင်အား ၅ ဦးခန့် ရောက်လာပြီး ဆိုင်အတွင်းရှိနေသည့် လ္ဘက်ရည်ဆိုင်ပိုင်ရှင် ဦးမြင့်ဆွေ (၆၄) နှစ်နှင့် ဦးကံစိန် (၈၁) နှစ်တိုကို သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို ၂ ဦးတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။