KIA နှင့် မဟာမိတ်(၃)ဖွဲ့အား ဆက်လက်ချေမှုန်းသွားမည်

အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် မျောက်သုံးကောင်အဖွဲ့အား ဆက်လက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၆/၂၀၂၃) မှာ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၈ နှစ်ပြည့်တွင်လည်း ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကိုလေးစားလိုက်နာမည်ဆိုပါက ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အလေးအနက်ထားဆောင်ရွက်လျက်ရှိပါတယ်။ သို့ပေမယ့်လည်း အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်မှုများဆက်လက်လုပ်ဆောင်လျက်ရှိပြီး တပ်မတော်အားတိုက်ခိုက်မှုများဆောင်ရွက်လာခြင်းကြောင့် တန်ပြန်ချေမှုန်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ တပ်မတော်သားတွေနဲ့ပြည်သူတွေက ဒီလိုပြတ်သားမှုကို မျှော်လင့်တောင်းတနေကြတာလည်း ဖြစ်ပါတယ်။